ရန်ကုန်တရုတ်သံရုံးရှေ့  ဆန္ဒပြကြမယ်
FaceBook posted by Aungmyo Tun on Sunday, September 18, 2011 at 11:58pm
မြန်မာအစိုးရနှင့်တရုတ်ကုမ္မဏီဖြစ်သည့် CPI တို့ သဘောတူလက်မှတ်ရေးထိုးထားသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတစ်ရပ် ရန်ကုန်မြို့တွင် ပြုလုပ်မည်
ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့၊ အမှတ်(၁) ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင်
Save the Irrawaddy စာသားပါ တီရှပ်များ ဝတ်၍ ငြိမ်သက်စွာ ဆန္ဒပြရန် စီစဉ်ထားကြောင်း ဆန္ဒပြပွဲကို
စီစဉ်သူများဆီမှ သတင်းစကား ရရှိထားသူတစ်ဦးက ပြောသည်။
“၁၁ နာရီ တရုတ်သံရုံးရှေ့ကို အကျီင်္ဝတ်ပြီး လာဖို့ ပြောထားတယ်။ ကျွန်တော်လို လာမယ့်လူတွေ များတယ်
ဆိုတာလည်း ကြားတယ်။ ဒီမြစ်ဆုံ ကိစ္စကတော့ သဘောမတူကြောင်း ပညာရှင်တွေပြောသလို ကျွန်တော်တို့
လူငယ်တွေကလည်း သဘောမတူကြောင်း တစ်ခုခုလုပ်ပြသင့်တယ် ထင်တယ်”ဟု အသက် ၂၂ အရွယ်လူငယ်
တစ်ဦးက ဆိုသည်။
နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်သည့် မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်အစပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့
အထက်ဘက်ရှိ မြစ်ဆုံဒေသတွင် ကျေးရွာ ၆၃ ရွာ နှင့် ဒေသခံ ပြည်သူ တစ်သောင်းကျော် နေရာပြောင်းရွှေ့ရမည်
ဖြစ်ကြောင်း သိရှိရသည်။
မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်း ဧရိယာသည် စင်ကာပူနိုင်ငံခန့် အရွယ်အစားရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ
အကုန်ကျခံ တည်ဆောက်မည် ဖြစ်ကာ၂၀၀၉ ခုနှစ် မှ စတင်ဆောက်လုပ်နေသည်။ ရှစ်နှစ် ကြာမည့်
ယင်းစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု အမွေအနှစ်၊ စီးပွားရေး၊ လူမှုရေး စသည်များ
ထိခိုက်ပျက်စီးနိုင်ကြောင်း ကျွမ်းကျင်သူ ပညာရှင်များက ထောက်ပြပြောဆိုထားသည်။
ယင်းစီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် မြန်မာ (BANCA) ကျွမ်းကျင်ပညာရှင် ၉၀နှင့် တရုတ်ပညာရှင်
၁၀ ဦးပါဝင်သည့် လေ့လာရေး အဖွဲ့ကလည်း စာမျက်နှာ ၉၀၀ ကျော် ပါရှိသည့် အစီရင်ခံစာတစ်ရပ်အား
သက်ဆိုင်ရာသို့ ပေးပို့ထားသည်။
လာမည့် စက်တင်ဘာ ၂၆ ရက်တွင်လည်း လန်ဒန်ရှိ တရုတ်သံရုံးရှေ့တွင် မြစ်ဆုံကိစ္စအား လုပ်ဆောင်
နေခြင်းကို ဆန္ဒပြရန် လန်ဒန်ရောက် မြန်မာအသိုင်းအဝိုင်းအား နှိုးဆော်ထားကြောင်း သိရသည်။
YC(KS)
( yangonchronicle သတင်းလွှာတွင် ဖော်ပြပါရှိသော “မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်တန့်ရန် ရန်ကုန်ရှိ
တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်” မှ …. )

ကျွန်တော်တို့တွေမှာ အခုလက်ရှိ အခြေခံဥပဒေအရ လွတ်လပ်စွာ ဆန္ဒပြခွင့်ရှိတယ်ဗျ
ဖြစ်နိုင်ရင် ပြမယ့်လူအရေအတွက်၊ ပြမယ့်နေရာ၊ အကြောင်းအရာ၊ ကိုင်ဆောင်မယ့် ဆိုင်းဘုတ်၊ ဖိတ်မယ့်မီဒီယာ စတာတွေကို ပြည်ထဲရေးကို တင်နိုင်ရင် ပိုကောင်းမယ်
ပိုတရားဝင်သွားတာပေါ့
ပြီးတော့ အဲဒီ တီရှပ်တွေ ဘယ်မှာဝယ်လို့ရမလဲဆိုတာလေးပါ သိခွင့်ရှိရင် ပိုကောင်းမယ်ဗျ
ဝယ်ပြီး တခြား ဧရာဝတီချစ်သူတွေကိုပါ ဖိတ်လို့ရတာပေါ့
တီရှပ်ကိစ္စ ကတော့ SAVE THE IRRAWADDY Face Book စာမျက်နှာကိုသွားလိုက်ယင် ကိုထက်အောင် နဲ့ ဆက်သွယ်လို့ရပါတယ်ဗျ။
လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ဖြစ်နေတာကြောင့် အစီအစဉ် တချို့ရွေ့လိုက်တယ်လို့ကြားပါတယ်။
http://mizzimaburmese.com/news/breaking-newsbrief/8341-2011-09-19-10-33-33.html