Published On: Sat, Oct 15th, 2011

မြစ်ဆုံစီမံကိန်း ရပ်မရပ် မသေချာဟုဆို

Share This
Tags

မေခ မလိခ ပေါင်းဆုံရာ မြစ်ဆုံ

ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်မှုလုပ်ငန်းကို အစိုးရက ဆိုင်းငံ့ထားတယ်လို့ ပြောပေမယ့် အဲဒီက ဒေသခံတွှေကတော့ စိုးရိမ်နေဆဲ အခြေအနေပဲ ရှိနေကြတယ်လို့ ကချင် လူမှုရေး အဖွဲ့တစ်ခုက ထောက်ပြပြော ဆိုပါတယ်။

စီမံကိန်းအတွင်းက ပစ္စည်းကိရိယာတွေ အရင်အတိုင်းပဲ ရှိနေသလို အဲဒီဒေသက ဒေသခံတွေ အပေါ်လုံခြုံ ရေးကိုလည်း အရင်အတိုင်း တင်းကျပ်ထားတယ်လို့ ကချင်လူမှု ဖွံ့ ဖြိုးရေးကွန်ယက်အဖွဲ့ က ဆိုပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့က မြင်ကွင်းအရ တရုတ်နိုင်ငံသား ၀န်ထမ်း လုပ်သားတွေ က စီမံကိန်းနဲ့ပတ်သက်တဲ့ မြေလေ့လာ တိုင်းထွာ မှုတွေ  လုပ်နေတာတွေ့ ခဲ့ရတယ်လို့ ဒေသခံတွေ ကို ကိုးကားပြီး ကချင်အဖွဲ့က ပြောပါတယ်။

မိုးရာသီကြောင့် အရင်ကတည်းက စီမံကိန်းလုပ်ငန်းတချို့ ရပ်နားထားပေမယ့် တကယ်တမ်း ရပ်တန့်သွား တဲ့ အရိပ်အယောင် တွေ မမြင်ရသေးဘူးလို့ ဒေသခံတွေ က ပြောပါတယ်။

ဘီဘီစီ သတင်း

About the Author

-

Leave a comment

XHTML: You can use these html tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>