မိတ်ဆက်စကား
ဧရာဝတီ ဆိုတဲ့ အမည်က အမိမြန်မာ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီ မြစ်ကြီးကို ဂုဏ်ပြုထားတာဖြစ်ပြီး နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ ဂုဏ်သိက္ခာရှိရှိ ဖွံ့ဖြိုးတိုးတက်ရေး၊ အတွေးအခေါ် ရှင်သန်ထက်မြက်ရေး စတဲ့ အမျိုးသားဖွံဖြိုးရေး အတွက် သတင်းအချက်အလက်၊ စာပေ၊အနုပညာ၊ စုစည်းလှုံ့ဆော်မှု စတဲ့ နည်းလမ်းပေါင်းစုံ နဲ့ မြန်မာပြည်သူပြည်သား နေထိုင်သူအားလုံးနဲ့ အမိမြေအတွက် ကြိုပမ်းဆောင်ရွက်လိုသူ အားလုံးပါဝင်ကြပါလို့ ဖိတ်ခေါ်ပါတယ်။
ယုံကြည်ချက်
သဘာဝပါတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးပါက လူသားအားလုံးအတွက် သဘာဝ ဘေးအန္တရယ်ကျရောက်မှုများမှာ ကာကွယ်ရန် အားနည်းသွားနိုင်သည်။ထို့အတူ သဘာဝ ပါတ်ဝန်းကျင်အပေါ် မှီတင်းနေထိုင်ကြသော လူသားများ၏ ကျန်းမာရေးနှင့် အသက်ရှင်သန်မှု တို့အပြင် စားဝတ်နေရေးတို့နှင့် ဆပ်စပ်လျှက် ရှိနေသောကြောင့် မိမိ တို့ရေ၊မြေ၊သဘာဝပါတ်ဝန်းကျင်ကို ထိမ်းသိန်းခြင်းအားဖြင့် ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်စုအားလုံးကို ကူညီရာရောက်သည်ဟု ကျွန်ုပ် တို့ယုံကြည်ကြသည်။ထိုသို့ ထိန်းသိမ်းရန် ပြည်သူ၊လူထု အားလုံး၏ အရေးဖြစ်ပေသည်။
ရည်ရွယ်ချက်
- သဘာဘေးအန္တရယ်များ ကာကွယ်တားဆီးနိုင်ရန်
- သဘာဝပါတ်ဝန်းကျင် ဂေဟ စနစ်ကိုထိမ်းသိမ်းနိုင်ရန်
- သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းရာတွင် အသိပညာ၊ဗဟုသုတများ ကျယ်ပြန့်မြင့်မားလာစေရန်
လုပ်ဆောင်ချက်များ
- သက်ဆိုင်ရာတာဝန်ရှိသူများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ တိုက်တွန်းနှိုးဆော်ခြင်း
- ပြည်သူလူထုအတွင်း သဘာဝပါတ်ဝန်းကျင်းထိမ်းသိမ်းခြင်းဆိုင်ရာနိုးကြားလာစေရန် နှိုးဆော်ခြင်း
- သတင်းအချက်အလက်များ ဖြန့်ဝေခြင်း
- ရည်ရွယ်ချက်နှင့်ကိုက်ညီသော လှုပ်ရှားမှုများ ပြုလုပ်ခြင်း